ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ဒဂုံအရှေ့ ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄) ရပ်ကွက်တွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမဥ္ဇူက ပြောကြားရာတွင် မူးယစ်ဆေးဝါးအန္တရာယ်​အကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် တွေ့ကြုံရမည့် ဆိုးကျိုးအန္တရာယ်တွေကို သိရှိနားလည်ပြီး ဘုံရန်သူအဖြစ် သတ်မှတ်ကာ ဝေးဝေးမှရှောင်းရှားစေလိုကြောင်းနှင့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန်၊ မူးယစ်ဆေးဝါးသည် လူသားတွေကို အညွန်တုံးစေပြီး မိသားစုအလိုက် ဘဝပျက်တာမျိုးတွေ ရှိရပါကြောင်း၊ လူငယ်တွေ မူးယစ်နွံထဲမရောက်ဖို့ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်ရာ ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု လေ့လာလျက်ရှိသည်။ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး ဆိုသည်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ခန္တာကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ အခွင့်အရေးများဆိုင်ရာများကို အသိပညာပေး ပြသထား​ကြောင်း သိရသည်။

အေးမဉ္ဇူ