ရန်ကုန် ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လှုမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခင်မိုးဝေနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က နိုင်ငံတော်မှသက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခင်မိုးဝေက သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လအထိ လူမှုရေးပင်စင်ရရှိသောအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၅၄၃)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၁၆,၂၉၀,၀၀၀)တိတိကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ဗဟန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)တို့မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်အား အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)