မိုးညိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဝတ်စုံများပေးအပ်

မိုးညို ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဝတ်စုံများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ဇောတိကရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဝတ်စုံများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲထွဋ်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကိုကိုကြီးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်တို့က မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ပေးအပ်သော အရန်မီးသတ်တူညီဝတ်စုံ၊ ဦးထုပ်၊ ဖိနပ်၊ ခါးပတ်နှင့် ခြေအိပ်ဝတ်စုံပြည့်အစုံ (၁၀၀)အား ပေးအပ်ခဲ့ရာ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးညွန့်ဝေသန်းနှင့် တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)