မိုင်းဖြတ် ဇွန် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက (SINOPHARM)(ပထမ)အကြိမ်ကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ( ၅၈၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းနေပြင်ပအသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိကလေးသူငယ်များကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအစီအစဉ်တွင် လျာထားဦးရေ(၃၆၇၃)ဦး၊ ကျောင်းနေပြင်ပလျာထားဦးရေ(၁၀၅၀)ဦး စုစုပေါင်း(၄၇၂၃)ဦးလျာထားကြောင်း သိရသည်။
သန်းထွန်းအေး