ညောင်ဦး ဇွန် ၇
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်အတိုင်း ကျောင်းသားကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အအလမ်းများရရှိလာစေရန် အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးရန် ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်၁ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိပြီး ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ တက်ရောက်နေသည့် ကျောင်းသား/သူများ အသက်(၅)နှစ်မှအ သက်(၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း(၁၁)ကျောင်း၊ အထကခွဲ(၄၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂၂) အလကခွဲ(၁၇)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၃၀)၊ အခြေခံပညာမူလတန်းကျောင်း(၈၈)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း-ခွဲ(၈)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းလွန်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း(၃)ကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေသည့် အခြေခံပညာကျောင်းများသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များက အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခြင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်နေရာများသို့ သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ