တံတားဦးမြို့နယ်တွင် မိုးဦးနှမ်းများ အောင်မြင်ဖြစ်ထွန်း

တံတားဦး ဇွန်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် သင်္ကြန်မတိုင်မီမုန်တိုင်းမိုးရွာသွန်းမှုကြောင့်  တောင်သူများ စတင်စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သင်္ကြန်မတိုင်မီက စတင်ရွာသွန်းခဲ့သော မိုးကြောင့်တောင်သူများ အကြိုက်တွေ့ကာ နွေရာသီအချိန်က ထယ်ရေးကြိုတင်ပြင်စင်ထားလျက်ရှိရာ နှမ်းများစတင်စိုက်ပျိုးပြီး လုံလောက်သော အစိုဓာတ်ရရှိ၍ တောင်သူအများစုဟာ နှမ်းများစတင်စိုက်ပျိုးပြီး ယခုအခါ အဖူးအပွင့်များဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ကြောင်း တံတားဦးမြို့နယ် ခေါင်းကွဲရွာတောင်သူ ဦးအောင်ကြိုင်ထံမှ သိရ သည်။ သင်္ကြန်မတိုင်မီက မုန်တိုင်းနှင့်အတူရွာခဲ့တဲ့ မိုးဟာကျွန်တော်တို့ တောင်သူများအတွက် အကြိုက်တွေ့တာပေါ့။ သင်္ကြန်မှာ နောက်မိုးရွာမယ်ထင်ပြီး ကျွန်တော်တို့ နှမ်းတွေစိုက်ပျိုးခဲ့တယ် သင်္ကြန်မှာ မိုးမရွာပေမယ့် အပင်အားပြုတဲ့အချိန်မှာ မိုးရွာတော့ အပင်တွေအတွက် လိုအပ်သည့်မိုး ရေရှိတော့ အခုတော့အပင်တွေမှာ အဖူးအပွင့်များ အထူးကောင်းမွန်နေပြီဗျာ။ ယခုလိုပုံစံအတိုင်းလို အပ်တဲ့မိုးရေရရှိရင်တော့တစ်ဧကကို နှမ်း(၁၃)တင်းမှ(၁၅)တင်းလောက်ရမည်ဟု တံတားဦးမြို့နယ် ခေါင်းကွဲရွာတောင်သူဦးအောင်ကြိုင်ထံမှ သိရသည်။

ဦးရဲတင့်