တောင်ဥက္ကလာပ ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ အစည်းဝေးပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဆက်လက်ဆောင်ရွက်မည့် အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးကြရန်နှင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ ပိုမိုများပြားစွာ ဝင်ရောက်ကြရန် ဖိတ်ခေါ်အပ်ကြောင်း ဆွေးနွေးခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူ Book Club ဥက္ကဋ္ဌ စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး) မှ ယနေ့ လူငယ်လူရွယ်များအား ဗလငါးတန်ဖွံဖြိုး တိုးတက်စေရန်၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရရှိစေရန်အတွက် ဟောပြောပွဲ၊ ပြိုင်ပွဲ၊ အသိပညာပေးဆွေးနွေးပွဲများအား Book Club မှ ပူးပေါင်းပါဝင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်အတွင်းမှ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များမှ ဆက်လက် ဆောင်ရွက်မည့် စာဖတ်ဝိုင်းများ၊ အသိပညာပေးလုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် အသီးသီးညှိနှိုင်း ဆွေးနွေးကာ အစည်းအဝေးပြီး မြောက်ခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)