နတ်မောက်မြို့ ရွှေဘုံသာမိုးကောင်းစေတီတော်ဘုရာကြီး ရင်ပြင်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ                    

နတ်မောက် ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ကန်ကြီးရပ်ကွက် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းရှိ ရွှေဘုံသာမိုးကောင်းစေတီတော်ဘုရားကြီး ရင်ပြင်တွင် ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ရွေဘုံသာဘုန်းတော်ကြီးကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာ တော်ကြီးမှ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၉)ကျောင်းမှ ပင့်သံဃာတော် (၁၃၇)ပါးတို့အား မြို့ပေါ် (၇)ရပ် ကွက်ရှိ ဒေသခံပြည်သူများနှင့် မြို့အနီးတဝိုက်ရှိ ကျေးရွာများက စေတနာရှင်၊ အလှူရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထု၊ ပစ္စည်းများလောင်းလှူခဲ့ကြကြောင်း သိရသည်။   

သင်းသင်းမြတ်