လဲချားမြို့နယ် အ​-ထ-က(ခွဲ)(နောင်မိန်း) ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

လဲချား  ဇွန် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်း ကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို  ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း အသိပညာပေးဟောပြောပွဲတွင် အထက(ခွဲ)နောင်မိန်း ကျောင်းအုပ်ဆရာကြီး ဦးချမ်းငြိမ်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေမှ ကျောင်းသား/သူလူငယ်၊လူရွယ်များ ပညာသင်ကြားနေချိန်တွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် လမ်းမှားမရောက်ရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပိုမိုသိရှိနားလည်စေရန်၊ မူးယစ်ဆေး သုံးစွဲသူများ​ဖြစ်ပေါ်နိုင်သော ဆိုးကျိုးလက္ခဏာများ၊မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်နိုင်သော အမှုအခင်းများစသည်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်တို့ကို ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ပြသဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင်(လဲချား)