ချောက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွားများအတွက် ထောက်ပံ့ငွေပေးအပ်

ချောက် ဇွန်

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊​ (ဧပြီ၊ ​မေ၊ ဇွန်)လအတွက်အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မှစတင်၍ ချောက်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၀၃၈)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ ယ​နေ့တွင် ထောက်ပံ့​ငွေ​အားလုံးပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင်  မြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျုံးဝင်သည့် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်လလျှင်ကျပ် ၁၀၀၀ဝ နှုန်းဖြင့် (၃)လစာအတွက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝ) နှုန်းဖြင့် ချောက်မြို့နယ်အတွင်း ရပ်ကွက် (၁၅)၊ စ​​လေမြို့​ပေါ် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၁)အုပ်စုမှ ဘိုးဘွား (၁၀၃၈)ဦးအတွက် စုစုပေါင်း​ငွေ (၃၁၁၄၀၀၀၀)ကျပ်တိတိအား ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)