၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား
Jun 08,2022
နိုင်ငံတော်နှင့်ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်ပြီး ဘက်စုံထူးချွန်သည့် အင်ဂျင်နီယာများ၊ ဆန်းသစ်တီထွင်နိုင် သည့် သုတေသီများမွေးထုတ်ပေးနိုင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုသော သုတေသနဦးစားပေး တက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ အင်ဂျင်နီယာလောင်းလျာများကို သင်ကြားမွေးထုန်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘာသာရပ်အသီးသီး၌ ပထမနှစ်တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူပေါင်း(၁၀၉)ဦး၊ ဒုတိယနှစ်တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း(၁၀၃)ဦး၊ တတိယနှစ် တက်ရောက်နေကြသည့် ကျောင်းသားကျောင်းသူပေါင်း(၈၅)ဦး၊ စတုတ္ထနှစ်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူပေါင်း (၁၀၃)ဦး၊ ဆဌမနှစ် တက်ရောက်နေကြသည့် ကျောင်းသား၊ကျောင်းသူပေါင်း (၆၃)ဦး ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အသစ်တက်ရောက်ကြသည့် ကျောင်းသား၊ကျောင်းသူပေါင်း(၂၁၇)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူပေါင်း (၆၈၀)ဦး အေးချမ်းစွာတက်ရောက် ပညာသင်ယူလျက်ရှိ ကြောင်း သိရသည်။