မော်လမြိုင်ခရိုင်အတွင်းရှိ တောင်သူများအား အရည်အသွေးမြင့် ရော်ဘာပျိုးပင်သုံးသောင်း ပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မုဒုံ ဇွန်

မွန်ပြည်နယ်အတွင်း ရော်ဘာပင်အို ခုတ်လှဲခွင့်ရတောင်သူများသို့ Rubber Wood ကုမ္ပဏီ များမှ ရော်ဘာပျိုးပင်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီခွဲက မုဒုံမြို့ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ ရော်ဘာပျိုးခင်း၌ ပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက တစ်နိုင်ငံလုံး၌ ရော်ဘာစိုက်ဧက ၁၆ သိန်း သောင်းကျော်ရှိပြီး မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းကျော် ရှိသည့်အတွက် ရော်ဘာပြည်နယ်ဟုလည်း ပြော၍ရကြောင်း၊ ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် အဓိကအားဖြင့် အရည်အသွေးမြင့် မျိုးကောင်းမျိုးသန့် ရော်ဘာများကို စိုက်ပျိုးရန် လိုမည်ဖြစ်ကြောင်း၊ ပင်အိုပင်ဟောင်းများ ခုတ်လှဲသည့်နေရာများတွင် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့် ပျိုးပင်များကို အခမဲ့ပေးအပ် နိုင်ရန်အတွက် ရော်ဘာမျိုးကောင်းမျိုးသန့် ပျိုးပင်များကို စိုက်ပျိုးရေး ဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်ကြောင်း၊ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြသည့်အခါ ဌာနများ၊ ကုန်သည်များ၊ အသင်းအဖွဲ့များ၊ တောင်သူများ၊ အဝယ်ဒိုင်များ၊ စက်ရုံများ အစရှိသည့် Supply Chain တစ်လျှောက်လုံးမှ ပါဝင်ပတ်သက်သူ Stake holder များအားလုံ ပူးပေါင်း ဆောင်ရွက်ကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်နှင့်အညီ မွန်ပြည်နယ်၏ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရော်ဘာစိုက်ပျိုးသူ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တောင်သူများ အနေဖြင့်လည်း အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောက်ရွက် စိုက်ပျိုးကြ ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မော်လမြိုင်ခရိုင်အတွင်းရှိ ​ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ် သုံးမြို့နယ်မှ တောင်သူများအား အရည်အသွေးမြင့် ရော်ဘာပျိုးပင်ပေါင်း သုံးသောင်းကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကပေးအပ်ခဲ့ပြီး ရော်ဘာခြံရှင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)