ပုလောမြို့နယ်၌ အသက် (၅)နှစ် မှ (၁၂)နှစ်ထိ ကျောင်းသား/သူများအား  ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပုလော   ဇွန်   

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော အခြေခံပညာကျောင်း သား/ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို  ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲက  မကျည်းကုန်းကျေးရွာ အမက ကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။

ပုလောမြို့နယ်၌ အထက(၁၀) ကျောင်း၊ အထက-ခွဲ(၇)ကျောင်း၊ အလက(၈)ကျောင်း၊ အလက-ခွဲ(၁၅)ကျောင်း၊ မူလွန် (၂၃)ကျောင်း၊ အမက(၉၃) ကျောင်း၊ အမက-ခွဲ (၄)ကျောင်း စုစုပေါင်း (၁၆၀) ကျောင်းရှိကြောင်း၊ အသက် (၅) နှစ်မှ အသက် (၁၂) အထိ ကျောင်းသား/သူများကို ဇွန် လ ၂ ရက်နေ့မှ စတင်၍  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက  စုရပ်ကျောင်းများ အသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ကျောင်း သား/သူ (၆၁၂၃) ဦးကို ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ  သိရသည်။

အလားတူ မကျည်းကုန်းကျေးရွာအုပ်စုရှိ နတ်အိမ်ကမ်းကျေးရွာ အမကကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ကိုဗစ်ကာကွယ်ဆေးကို  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)