မိုင်းရယ် ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ အသက်(၅)နှစ်နှင့် (၁၂)အတွင်းရှိ ကျောင်းသား/သူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မိုင်းရယ်မြို့ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဟိုယတို့မှ ကျောင်းသား/သူစုစုပေါင်း (၁၁၅) ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)