ဆင်ပေါင်ဝဲမြို့နယ်၌ စားသုံးသူရေးရာအသိ ပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ဆင်ပေါင်ဝဲ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်ကစားသုံးသူရေးရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်သုသုအေးမှ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့်ရည်ရွယ် ချက်အား ရှင်းလင်းပြောကြား သည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးနိုင်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်နှင့်တာဝန်များ၊ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်ပုဒ်မများ၊ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝသည့်အစားအစာများအား မည်ကဲ့သို့ရွေးချယ်စားသောက်ရမည်ဆိုသည့် အကြောင်းအရာများနှင့် ကုန်ညွှန်းအမှတ် အသားတံဆိပ်အကြောင်းအရာများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို Talk Show ဆွေးနွေးပွဲများကို လစဉ်ပြုလုပ်၍ Online မှ တဆင့်ပြည်သူများအား အသိပညာပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)