ပုလောမြို့နယ်၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် တောင်သူ ၁၃၀၀ ဦးအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေး

ပုလော  ဇွန် 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပုလောကုန်းကျေးရွာရှိ တောင်သူများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံသားအားလုံးတို့၏ စားနပ်ရိက္ခာလိုအပ်ချက် ဖူလုံရေးနှင့် အာဟာရပြည့်ဝရေး တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ တောင်သူ လယ်သမားများအား ထုတ်ချေးရခြင်းဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများကို ပုလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ကြူကြူအေးက ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ စတင်ထုတ်ချေး ပေးလျက်ရှိပြီး ပုလောမြို့နယ်၌ တောင်သူ ၁၃၀၀ ဦး လယ် ၈၄၆၉ ဧက တစ်ဧကလျှင် ၁၅၀၀၀၀/-နှုန်းဖြင့် ငွေကျပ် ၁၂၇၀.၃၅ သန်းကို စက်တင်ဘာလအကုန်ထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)