ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌‌ ကျပန်းစကား‌ပြောပြိုင်ပွဲ ကျင်းပ

ဒေါပုံ ဇွန် ၉

ပြန်ကြား‌ရေးနှင့်ပြည့်သူဆက်ဆံ‌ရေးဦးစီးဌာန၊      ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးထက်မြက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့် အ‌‌လေ့အထများ၊ လူအများနှင့် ပြောဆိုရာတွင် ပြောရဲသည့် အလေ့အကျင့်များရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်ရည်ရွယ်၍ ကျပန်းစကား‌ ပြောပြိုင်ပွဲကို ယနေ့၊ နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊‌ ဒေါပုံမြို့နယ် ဒုတိယဦးစီးမှူး‌ ဒေါ်သူဇာ၀င်းက ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အလက (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက‌ ဝင်ရောက်ယှဉ်ပြိုင်ရာဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

သူဇာ၀င်း