မုဒုံမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေ ဆက်လက် ထုတ်ချေးပေး
Jun 22,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီမိုးစပါး အချိန်မီ သီးနှံစိုက်ပျိုးမှု အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့မ(၄)ရပ်ကွက်နှင့် တံခွန်တိုင်ကျေးရွာနေ တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ပေးသည်။