ရန်ပုံငွေ ကျပ်သန်း ၁၇၀၀၀ ကျော်ဖြင့် ကန့်ဘလူခရိုင်အတွင်း ဖွံ့ဖြိုးရေးဆောင်ရွက်မည်
Jun 22,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၇၅၈၀ ဒသမ ၈၆၉ သန်းနှင့် တိုင်းဒေသကြီးအစိုးရ၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၉၄၄၃ ဒသမ ၉၁၇ သန်း စုစုပေါင်းကျပ်သန်း ၁၇၀၂၄ ဒသမ ၇၈၆ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။