သတင်းများ

ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်စနစ်တကျထုတ်ပေး
Jun 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြေထိန်းနံရံပြုလုပ်မည့် နေရာအား သွားရောက်ကြည့်ရှု
Jun 21,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တာသိန်းဇော်နှင့် အတူအဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲတို့သည် ၂၀၂၂-၂၀၂၁ ဘဏ္ဍာရေးနှစ်
ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာတွင် ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြ
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲကို ဆုတောင်းပြည့်ကျေးရွာရှိ ဦးကျော်ငြိမ်းဧ၏ လယ်ယာမြေ ဧက ၂၀ တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများတူးဖော်
Jun 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပရေးအတွက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ
Jun 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဋ္ဌာန၏ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ်
ထားဝယ်မြို့တွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်းဖွင့်လှစ်
Jun 21,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံး ဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက ဌာနယာဉ်မောင်း စစ်ဆေးရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ
Jun 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က နမ့်ပုံးပုံးရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 21,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။