သတင်းများ

ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk show) ပြုလုပ်
Jun 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရယ်ဆိုင်ရာစီးမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk show) ‌ဆွေးနွေးပွဲအား ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းဆွေးနွေး
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ NCMSU Working Group ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို အ.ထ.က(၁)ကျောင်းဝန်း "အနာဂတ်ပန်းခင်းစာကြည့်တိုက်"၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ
Jun 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဋ္ဌာန၏ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့အထိမ်း အမှတ် ၂၀၂၂ ခုနှစ် မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို
မင်းလှမြို့ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ညနေ ၄နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မြေနေ ရာအသုံးပြုထားသည့် မြေနေရာအတွက်၊ညောင်ဦးမြို့နယ်တောင်သူများလက်ဝယ်သို့မြေယာလျော် ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ရမည်းသင်းခရိုင်)ကအမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက ရတနာပုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်း တက်ရောက်ဖွင့်လှစ်ပေး
Jun 21,2022
ကချင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလာစေရန်နှင့် ကိုယ်ပိုင်တိုင်းရင်းသား လုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေးအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရက်ကန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။