သတင်းများ

ချောင်းသာမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်ပြပွဲ ပြုလုပ်ကျင်းပ
Jun 18,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စာပေဗဟု သုတများရရှိစေရန်၊ စာကြည့်တိုက်ရှိစာအုပ်၊ စာစောင်များအား လေ့လာသိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁ဝ နာရီ အချိန်က ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပညာသင်ကြားလိုသူများ အဆက်မပြတ်စေရေးနှင့် သက်မွေးပညာရပ်များ လူတိုင်းသင်ယူခွင့်ရစေရန်အတွက် ကျောင်းအပ်လက်ခံရက်တိုးမြှင့်
Jun 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)တွင် သက်မွေးပညာရပ်အား စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများနှင့် မိမိသားသမီးများအား အင်ဂျင်နီယာဖြစ်စေချင်သူများအနေဖြင့် ကျောင်းအပ်လက်ခံရက်ကို ဇူလိုင်လ(၁)ရက်နေ့ထိ လက်ခံရက်တိုးမြှင့်ထားကြောင်းသိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jun 18,2022
ဇွန်လ (၂‌၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) အထိမ်းအမှတ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ ၁၈ ရက်‌နေ့ နံနက်ပိုင်းက မူလတန်း အဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေသားပြိုကျမှုဖြစ်ပွား
Jun 18,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဝါစပ်ခူးရပ်ကွက်တွင် မြေသားပြိုကျမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ခရိုင်အဆင့်စီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ
Jun 18,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ခရိုင်အဆင့်စီမံကိန်း တာဝန်ပေးအပ်ပွဲ ပြုလုပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး သိပ္ပံဘာသာတွဲ ဒုတိယအမှတ်အများဆုံး (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူတစ်ဦး၏ရင်တွင်းစကားသံများ
Jun 18,2022
မင်္ဂလာပါရှင်၊ သမီးကတော့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး သိပ္ပံဘာသာတွဲ ဒုတိယအမှတ် အများဆုံးအဆင့်နဲ့ အောင်မြင်ခဲ့တဲ့ အထက(၁)၊ဘိုကလေးမြို့မှ  (၆)ဘာသာ ဂုဏ်ထူးဖြင့် မဆုပြည့်စုံထွန်း ဖြစ်ပါတယ်ရှင့်။
တကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ အား ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းဆောင်ရွက်
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြောက်ဘက်အထွက် ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းဆုံ လမ်းဘေးဝဲ/ယာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျိုးပင်(၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခြင်းကို ဇွန်(၁၈)ရက်နံနက်(၇)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။