သတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နောင်မွန်းမြို့ရှိ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 18,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် အခြေခံပညာအထက်တန်းကျောင်း (နောင်မွန်း)ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ကျောင်းဆရာ/မများနှင့် ဇွန်(၁၆)ရက် နံနက် (၁၀)နာရီက တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး
Jun 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။  
အင်းသားတိုင်းရင်းသားရိုးရာဂီတနှင့် အကပညာရပ်များ မှတ်တမ်းတင်ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 18,2022
အနုပညာဦးစီးဌာန၊ ယဉ်ကျေးမှုတက္ကသိုလ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းသားတိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကညာရပ်များ ထည့်သွင်းပို့ချနိုင်ရေးအတွက် အဆိုပါ ဂီတနှင့် အကပညာရပ်များအား မှတ်တမ်းတင်ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ညောင်ရွှေမြို့၊ အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်းရုံး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရေဖြူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဘက်စုံအဆင့်မြင့် နည်းပညာပေးဆွေးနွေးပွဲ ဆောင်ရွက်
Jun 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးကြပ်၍ တောင်သူများနှင့် ဘက်စုံအဆင့်မြင့် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ကြောင်းသိရသည်။
ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်
Jun 18,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် အဆိုပါ ကမ်းခြေတစ်လျေှာက်နှင့် သတ်မှတ်နေရာများတွင် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၆ နာရီက စတင်ကာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်
Jun 18,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။
မက်မန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ ၁၈ ရက်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။