သတင်းများ

မိုင်းယောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 18,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ယနေ့ နံနက် ၁၁ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ် အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club တို့နှင့် ပူးပေါင်းပြီး စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်ဖြင့် လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။
ပန်ဝါမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 18,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ပန်ဝါမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
လွိုင်ကော်တက္ကသိုလ် ပရဝုဏ်အတွင်း မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ
Jun 18,2022
၂၀၂၂ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ လွိုင်ကော်တက္ကသိုလ် ပရဝုဏ်အတွင်း ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 18,2022
စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ကမ်းနားလမ်း စာတိုက်ကြီးအနီးမှစတင်ကာ နေရာ(၅)နေရာ သတ်မှတ်ပြီး ဆောင်ရွက်ကြသည်။
တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့်အလေ့အထကောင်းရရှိရန်  စာဖတ်ဝိုင်းဆောင်ရွက်
Jun 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍  မြို့နယ်အတွင်းရှိ  စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ကာ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည် “လူငယ်နဲ့အခွင့်အလမ်း”စာအုပ်ကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်
Jun 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၄၈)ရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေး မှုတ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ချောင်းသာမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်ပြပွဲ ပြုလုပ်ကျင်းပ
Jun 18,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စာပေဗဟု သုတများရရှိစေရန်၊ စာကြည့်တိုက်ရှိစာအုပ်၊ စာစောင်များအား လေ့လာသိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁ဝ နာရီ အချိန်က ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပညာသင်ကြားလိုသူများ အဆက်မပြတ်စေရေးနှင့် သက်မွေးပညာရပ်များ လူတိုင်းသင်ယူခွင့်ရစေရန်အတွက် ကျောင်းအပ်လက်ခံရက်တိုးမြှင့်
Jun 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)တွင် သက်မွေးပညာရပ်အား စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများနှင့် မိမိသားသမီးများအား အင်ဂျင်နီယာဖြစ်စေချင်သူများအနေဖြင့် ကျောင်းအပ်လက်ခံရက်ကို ဇူလိုင်လ(၁)ရက်နေ့ထိ လက်ခံရက်တိုးမြှင့်ထားကြောင်းသိရသည်။