ဆင်ပေါင်ဝဲ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာတွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ခင်း အပင်ကြီးထွားရှင်သန်မှုကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ မိုးသီးနှံနေကြာကို သီးညှပ် (၁၄၄)ဧကနှင့် သီးသန့် (၅၈)ဧက စုစုပေါင်း (၂၀၂)ဧက စိုက်ပျိုးရန် လျာထားပြီး ယနေ့အချိန်အထိ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရှိရသည်။
နိုင်လင်း (ပြန်/ဆက်)