ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဆွမ်ပရာဘွမ် ဇွန် ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် KG တန်းမှ Grade-7 အတန်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဇွန် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ် အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပြီး KG တန်းမှ Grade-7 အတန်းကြား ကျောင်းသား၊ ကျောင်းသူ ကျား/မ စုစုပေါင်း ၇၀ ဦးတို့အား တစ်ဦးချင်း အတန်းအလိုက် အမည်စာရင်းများ စစ်ဆေးရေးသွင်းကာ Mask ကို စနစ်တကျတပ်ဆင်စေခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်းများ ပြုလုပ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ ကျန်းမားရေးဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)