ချောင်းဦး ဇွန် ၂၁
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁နာရီက ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက လာမည့်ယခုလ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး ပြည်သူများ သိထားသင့်သည့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးရာ ချောင်းဦးမြို့နယ် ဥပဒေအရာရှိ ဒေါ်ဌေးနန္ဒာလေးက ပြန်လည်၍ အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ဥပဒေ အရာရှိက ရှင်းလင်းဆွေးနွေးရာတွင် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြဌာန်းရသည့် ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ နိုင်ငံတော်၏မူဝါဒများနှင့် မူးယစ်ဆးဝါးပပျောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဥပဒေပုဒ်မများဖြင့် အသေးစိတ် ရှင်းလင်းဆွေနွေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူမှုမီဒီယာ Facebook Page တွင် ရုပ်သံလွှင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)