ဆင်ပေါင်ဝဲ ဇွန် ၂၁
ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာတွင် ဇွန်လ ၁၅ ရက်နေ့က လူနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က လယ်ကျိုးကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မီးဘေးသင့် အိမ်ထောင်စု(၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ၂ ပုံး၊ ဆန်ရိက္ခာထောက်ပံ့ငွေ(၁၄၇၀၀)၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ( ၂)သိန်း၊ စုစုပေါင်း ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုး ၂၁၄၇၀၀ ကျပ်တိတိတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် တာဝန်ရှိသူများမှ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း (မြို့နယ်ပြန်/ဆက်)