စဉ့်ကိုင်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်များထုတ်ချေး

စဉ့်ကိုင်   ဇွန်   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား၂၀၂၂ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၉)နာရီမှ  စတင်၍ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

တောင်သူများအား မိုးရာသီစိုပျိုးစရိတ်ထုတ်ချေးပေးရာတွင် နိုင်ငံတော်မှအတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိပြီး စဉ့်ကိုင်မြို့နယ်အနေဖြင့် ကျေးရွာ အုပ်စု(၄၈)အုပ်စုရှိရာ ဇွန်လ(၂၁)ရက်နေ့အထိ ကျေးရွာအုပ်စု(၁၀)အုပ်စု၊ တောင်သူ(၃၄၅)ဦး၊  ဧကအနေဖြင့်(၁၃၉၀)ဧက  ထုတ်ချေးပေးပြီးဖြစ်ရာတစ်ဧကလျှင် မိုးစပါးအတွက် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအနေဖြင့်  (၂၀၆၅) သိန်းထိ  ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသူများကိုလည်း ကိုဗစ်-၁၉ရောဂါ  ကာကွယ်ရမည့်နည်းလမ်းများနှင့်အညီ ထုတ်ချေးပေးသွားဖြစ်ကြောင်းမြို့နယ် တာ၀န်ခံဘဏ်မန်နေဂျာဦးကြည်စိုးထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)