သံတောင်ကြီးမြို့နယ်၊ စီပင်ကလေးကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

သံတောင်ကြီး ဇွန် ၂၁

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများစသည့်တို့အား ဘဏ္ဍာရေးနှစ် အလိုက်ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က စီပင်ကလေးကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သည့် သစီပင်ကလေးကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး၊ မြစိမ်းရောင်စီမံကိန်းစာရင်းများ စစ်ဆေးခြင်း၊ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်ချေးဆောင်ရွက်ရန် မြစိမ်းရောင်ကျေးရွာ ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပြီး ကုန်ထုတ်လမ်းဆောင်ရွက်မည့်နေရာအား  သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နော်နော်မူ