ညောင်ဦး ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့မရောက်ရှိသေးသော်လည်း ၁၈၉၆ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊၏ ယနေ့နံနက် ၆နာရီခွဲ အချိန်တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာ ရောက်ရှိနေသေးပြီး ၂၁၂၀စင်တီမီတာရောက်ရှိရန် ၁၂၄ စင်တီမီတာလျော့နည်းကြောင်း၊ ယနေ့နံနက် ဧရာဝတီမြစ်ရေ တိုင်းတာချက်အရ ၁၈၉၅ စင်တီမီတာရှိနေကာ ဆက်လက်မြင့်တက်လာနိုင်ကြောင်းဧရာဝတီ မြစ်ရေစိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာသတင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော် ထံကသိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ တိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရေရေမှတ်ရောက်ရန် ၁၀၀ စင်တီမီတာရောက် ရှိချိန်မြစ်ရေကြီးသတိပေးချက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ