မသန်စွမ်းသူအခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

တောင်ကုတ် ဇွန် ၂၁

မသန်စွမ်းသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မသန်စွမ်းသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေတင့်က မသန်စွမ်းသူအမျိုးအစားကို (၅)မျိုးခွဲခြားထားကြောင်း၊ မျက်စိမမြင်ခြင်း၊ နားမကြားခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်း ချို့ယွင်းအားနည်းခြင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း ချို့ယွင်းအားနည်းခြင်းနှင့် မသန်စွမ်းမှုအဆင့် သတ်မှတ်အဖွဲ့က စိစစ်ထားသည့် အခြားမသန်စွမ်းမှုဟူ၍ရှိကြောင်းနှင့် ၎င်းတို့အနက်မှ နားမကြားသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်