ပန်းတနော်မြို့တွင် အားကစားအသိပညာပေး ဟောပြောခြင်းနှင့် Fitness Dance သရုပ်ပြသ
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်မှုဖြင့် ကျောင်းသား ကျောင်းသူများ ကိုယ်ခန္တာ ကျန်းမာသန်စွမ်းစေရန် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က(၁)ကျောင်း မြတ်ပညာခန်းမ၌ အားကစားအသိပညာပေး ဟောပြောခြင်းနှင့် Fitness Dance သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။