သာယာဝတီမြို့တွင် ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင် လက်တွေ့ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့ ညနေ ၄ နာရီက သာယာဝတီမြို့နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။