ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေ
Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ခရမ်းချဉ်စိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးနှံသည် ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ညွှန့်ပင်ကျေးရွာမှ တောင်သူ ဦးဇော်ဝင်းက ပြောပြသည်။