မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြည်သူများ စာပေဖတ်ရှုခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတ အတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ် နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ Women Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။