သတင်းများ

မိုင်းလုံမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jun 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍  မိုးရာသီတွင် အများဆုံးဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်‌‌နေ့ကလူထုအခြေပြုဗဟိုဌာန (Coomunity Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရန် ၁၉၄၄ စင်တီမီတာရောက်ရှိလာ
Jun 23,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၉၄၄ စင်တီမီတာသို့ တဖြည်းဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။
မဘိမ်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်
ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ
Jun 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမရှေ့၌  ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြသထားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့လေ့လာလျက်ရှိကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့သောက်သုံးရေ လှူဒါန်း
Jun 23,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ပနီတွင်းကျေးရွာနှင့် ညောင်လှကျေးရွာစာသင်ကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်ကသောက်သုံရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုးတော်ဆောင်များထံကသိရသည်။
ထားဝယ်မြို့က ငါးဘာသာဂုဏ်ထူးရှင် မနန္ဒာလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Jun 23,2022
မေး။   ညီမရဲ့အမည်၊ ရရှိခဲ့သောဂုဏ်ထူးဘာသာရပ်နှင့် သင်ကြားခဲ့ရသော‌ကျောင်းကိုသိပါရစေ။ ဖြေ။ မင်္ဂလာပါရှင်၊ ကျွန်မကတော့ မနန္ဒာလင်းဖြစ်ပါတယ်ရှင်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်ရှင်၊ ရရှိခဲ့တဲ့ဘာသာ ကတော့ မြန်မာ၊ သင်္ချာ၊ ဓာတု၊ ရူပဗေဒ နှင့် ဇီဝဗေဒ ဘာသာရပ်ဖြစ်ပါတယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှာ Grade-3 မှ တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့ပါတယ်ရှင်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကျောင်းသား၊ကျောင်းသူ(၅၄၅)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံ
Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ရပ်ကွက်/ ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီတွင် အမှတ်(၁၁၈)ရပ်ကွက် အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်းခွဲနှင့် အမှတ်(၁၃) ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကိုဗစ်-၁၉ ကာကွယ်‌ဆေး Sinopharm အား ဆက်လက်၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာကျောင်းများ၊ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ ဈေးဆိုင်များ၊ ရပ်ကွက်နေပြည်သူများနှင့်ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။