သတင်းများ

ဟိုပုံးမြို့နယ်၊ လုံးတန်ကျေးရွာတွင် မိုးရာသီတိရိစ္ဆာန်အစာပင်စိုက်ပျိုး
Jun 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်(GAPH)သင်တန်းများ ဖွင့်လှစ်ပေး
Jun 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်လျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်(GAHP) သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော တိုင်ထောင်ခရမ်းချဉ်များ အောင်မြင် ဖြစ်ထွန်း
Jun 24,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မျက်ရဲကန်ကျေးရွာတွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော တိုင်ထောင်ခရမ်းချဉ်များ အောင်မြင်ဖြစ်ထွန်းနေမှုကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ပြည်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ခရိုင်နှင့် မြို့နယ်အဆင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ခရိုင်နှင့် မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ‌အကြိုဟောပြောပွဲကျင်းပ
Jun 24,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲ သတင်းစကားလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို
ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်ဖြန့်ဝေ
Jun 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆင်​ပေါင်ဝဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်း၊ ဒုတိယဦးစီးမှူး ဒေါ်သုသုအေးနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာပြည်သူများ၊ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ခရုစုပေါင်းကောက်ယူ နှိမ်နင်းပွဲ ကျင်းပ
Jun 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများက စုပေါင်း၍စပါးများ မစိုက်ပျိုးမီ စပါးဖျက်ခရုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်  စုပေါင်းခရုကောက် ယူနှိမ်နင်းပွဲကို ယမန်နေ့က ဒိုင်းပြကျေးရွာ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။