သတင်းများ

ဇလွန်မြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲ အခမ်းအနားကျင်းပ
Jun 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးရာသီကာလ မြစ်ရေကြီးမှုများ ဖြစ်ပေါ်လာပါက တာတမံများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာတမံပျက်စီးနိုင်သော အချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီ-ဟင်္သာတ တာမိုင် ၂၅ /၂ ဆန်တန်း ရေကင်းစခန်း အမှတ် (၃)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jun 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၁)နာရီက တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jun 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၁)နာရီက တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထားဝယ်မြို့ရှိ ဆေးဆိုင်များအား ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေး
Jun 24,2022
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင်ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ဆေးဆိုင်များအား ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့၏ စီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နားခံကျေးရွာအုပ်စု
တနင်္သာရီမြို့နယ်၊ အမက-တပ်ဦးတွင် ကျောင်းသူ/သားများအား လက်ကမ်းစာစောင်များဖြန့်ဝေ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 24,2022
တနင်္သာရီတိုင်‌ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁နာရီခွဲ အချိန်က အမက-တပ်ဦးကျောင်းအတွင်း ကျောင်းသူ/သားများအာ ဗလငါးတန်ဖွံ့ဖြိုးပြီး မူးယစ်ဆေးဝါးကင်းစင်စေရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာများကိုသိရှိစေရေးနှင့် လူငယ်နှင့်အားကစားကဏ္ဍဖွံ့ဖြိုးစေရေးတို့အတွက် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား / သူအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ
Jun 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းတွင် ကိုယ်ပိုင်ကျောင်းများဖြစ်သော N3၊ တိုးတက်အောင်၊ ပညာထွန်းတောက်၊ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၇၂)ဦးအား(Sinopharm) ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။