Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၊ ကံဦးကျေးရွာတွင် တိရစ္ဆာန်အစာပင် မွန်ဘားဆားမြက် သရုပ်ပြစိုက်ပျိုး
Jun 24,2022
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် ကံဦးကျေးရွာရှိ တောင်သူဦးဖုန်းကျော်၏ လယ်ယာမြေတစ်ဧကတွင် ယမန်နေ့ နံနက်ပိုင်းက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ်
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (community Centre)ခန်းမတွင် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Jun 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ “လူငယ်နဲ့စာရိတ္တဆိုင်ရာအသိပညာပေး” Talk Show ကျင်းပ
Jun 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် (၁) နာရီက “လူငယ်နဲ့စာရိတ္တဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ် ကွင်းဆင်းဆောင်ရွက်
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကဝမြို့နယ် အုန်းနှဲကျေးရွာရှိ တောင်သူဦးဌေးအောင်၏ မိုးစပါးစိုက်ပျိုး၍မရသော လယ်မြေ(၁) ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ လျော်ကြေးပေးနိုင်ရေးအတွက် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 24,2022
ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်း (၁၁၀ ကေဗွီ) နှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ ခုတ်လှဲနိုင်ရေးနှင့် လျော်ကြေး ပေးအပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ကော်မတီ အဖွဲ့ဝင်များနှင့် ခြံပိုင်ရှင်များပါဝင်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပ
Jun 24,2022
၂၀၂၂ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများဆောင်ရွက်
Jun 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများကို မြို့နယ်ပညာရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း ကျောင်း(တိုက်ကြီး) အနော်ရထာခန်းမတွင် ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17088
Page
17089
Page
17090
Page
17091
Current page
17092
Page
17093
Page
17094
Page
17095
Page
17096
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department