မိုင်းတုံမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာသရုပ်ပြစိုက်ပျိုး
Jun 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ စမ်းသီတာကျေးရွာနေ တောင်သူ ဦးစိုင်းထွန်းခင်၏ ယာမြေနေရာတွင် တိရစ္ဆာန်အစာပင် နေပီယာသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသိန်းသန်းဝင်းတို့က ကွင်းဆင်းကြည့်ရှုစိုက်ပျိုးခဲ့ကြောင်း သိရသည်။