သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်း၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
Jun 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း၂ဝ၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်း အနားကိုယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေးဦးစွာအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။
သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံ 
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌   ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူ လူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ဒေသခံပြည်သူများအား Booster Dose ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ကွက်သစ်ရပ်ကွက်ရှိ ငြိမ်းချမ်းရေး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
ကျိုက်လတ်၌ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေး
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊  အမှတ် (၈) အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် ယနေ့နံနက်  ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ထုတ်ပေး
Jun 28,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ  မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင် ကြီးကြပ်၍  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇွန် ၂၆ ရက် နံနက် ၉ နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် (၄)မိုင်ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်ကြမည့် သမဝါယမ အသင်းသားများအား ပြည်ထောင်စုဝန်ကြီးမှ သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
Jun 28,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ဇွန်လ ၂၆ ရက်နေ့နေ့လယ်(၂)နာရီအချိန်က ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာရှိ ရေဘုတ်ဆည်ရေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်ကြသော အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားများအား သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို သမ္ဘာန်ကျေးရွာမြို့နယ်စိုက်ပျိုးရေးအသိပညာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် စက်မှုလယ်ဦးစီဌာနမှ ကောက်စိုက်စက်ဖြင့် ပျိုးထောင်စိုက်ပျိုးပေး
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၊ တောင်သူဦးဝင်းဦး၏ ဦးပိုင် ၁၄/၁၊ ကွင်းအမှတ် (၈၁၄)တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် ယမန်နေ့က စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့တွင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ယမန်‌နေ့နံနက်ပိုင်းက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့်တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
ဘားအံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jun 28,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ မိဘပြည်သူများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ သို့ စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။