ညောင်ဦးမြို့နယ်တွင် နွေစပါး ၂၅၉ ဧကစိုက်ပျိုးခဲ့ပြီး (၀.၁၀)ဧက စံပြကွက်ရိတ်သိမ်း
Jun 28,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါး၂၅၉ ဧကစိုက်ပျိုးနိုင်ခဲ့ရာ နွေစပါးရိတ်သိမ်းချိန်ရောက်ရှိသဖြင့် (၀.၁၀)ဧကစံပြ ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈နာရီခွဲအချိန်က လက်ပံခြေပေါ်မြစ်ရေတင်၊ လက်ပံခြေပေါ်အုပ်စု၊ ကွင်းအမှတ် (၁၃၂၅)ရှိ တောင်သူဦးဝင်းစိန်၏ လယ်မြေ ၁.၀၀ ဧကတွင် စံပြကွက်ရိတ်သိမ်း ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။