မိုင်းတုံမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာသရုပ်ပြစိုက်ပျိုး

မိုင်းတုံ ဇွန် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ စမ်းသီတာ‌ကျေးရွာ‌နေ တောင်သူ ဦးစိုင်းထွန်းခင်၏ ယာမြေနေရာတွင် တိရစ္ဆာန်အစာပင် နေပီယာသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသိန်းသန်းဝင်းတို့က ကွင်းဆင်းကြည့်ရှုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါတိရစ္ဆာန်အစာပင် နေပီယာ စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်လွတ်‌ကြောင်းစနစ်မှ ခြံလှောင်စနစ်သို့ အသွင်းကူးပြောင်းနိုင်ရန်၊ မိသားစုတစ်ပိုင်တစ်နိုင် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိရစ္ဆာန်များ အစာရှားပါချိန်တွင်စားသုံးနိုင်ရန်၊ အဟာရပြည့်ဝ‌သော အစာအဖြစ်ကျွေးမွေးနိုင်ရေး၊ ခြံ‌လှောင်စနစ်ကူးပြောင်းခြင်းဖြင့် ကူစပ်ရောဂါများ ကာကွယ်နိုင်ရန်နှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးပေးရခြင်းဖြစ်ပါကြောင်း မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာက သိန်းသန်းဝင်းက ရှင်းလင်း‌ပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက‌ တိရစ္ဆာန်အစာပင် နေပီယာသရုပ်ပြစိုက်ပျိုးခြင်းကို ကြည့်ရှုလေ့လာကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)