သတင်းများ

သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယနေ့ နံနက်ပိုင်းက ကျောက်တွင်းကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရေးအတွက် စိုက်ပျိုးထားရှိသော သဘာဝသစ်စိမ်းမြေဩဇာ  (ပိုက်ဆံလျှော်)ဧက(၇)ဧက စိုက်ခင်းများအား မြေဆီလွှာထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲ ထယ်မှောက်ခြင်းအခမ်းအနားကို ယနေ့နံနက်  ၉နာရီက လယ်မကျေးရွာအုပ်စု  ကွင်းအမှတ် (၃၈၁)၊ တောင်သူဦးမြဌေး၏လယ်မြေတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိူးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက် ခဲ့သည်။
ကျွန်းလှမြို့နယ်တွင် မိုးရာသီစိုက်ပျိုးရန် အရိပ်ရပျိုးပင်မျိုစုံ ၅၆၀၀၀ ကျော် ဖြန့်ဝေ
Jun 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်၊ ရာသီဥတုကောင်းမွန်မျှတရန်၊ ပြည်သူများ သစ်တောသစ်ပင်၏တန်ဖိုးကို သိရှိနားလည်စေရန်နှင့် ကိုယ်တိုင်ပါဝင် ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် အရိပ်ရပျိုးပင်မျိုးစုံ ၅၆၀၀၀ ကျော် ဖြန့်ဝေကြောင်း ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် သင်တန်းဖွင့်
Jun 28,2022
ပင်လယ်ငါးဖမ်းရေလုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခြေခံ လုပ်ငန်းခွင်သင်တန်းကို တောင်ကုတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ညောင်ကုန်ကျေးရွာအုပ်စုရှိ လယ်မြေ ၄၄၁ ဧကအတွက် မိုးသီးနှံစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါး စိုက်ပျိုးမည့်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို‌ မေလ ၁၆ နေ့နံနက်ပိုင်းကစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ညောင်ကုန်း‌ကျေးရွာအုပ်စုရှိ တောင်သူ (၁၆၇)ကိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များ ပြောင်းရွေ့
Jun 28,2022
ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေသည် ၂၀၂၂-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးနှင့်နီးသော ကျေးရွာများသို့ ရေများစတင်ဝင်ရောက်လျက်ရှိသည်။
ချောက်မြို့၌ ဧရာဝတီမြစ်​ရေ ဝင်​ရောက်​သော အိမ်​​​ထောင်စုများအား ဆန်ရိက္ခာ​ထောက်ပံ​ငွေ​များ ပေးအပ်
Jun 28,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့ အမှတ်(၇)ရပ်ကွက်၌ ဧရာဝတီမြစ်​ရေ ဝင်​ရောက်​သော အိမ်​​​ထောင်စုများအား ဆန်ရိက္ခာ ​ထောက်ပံ​ငွေ​ပေးများအပ်ခြင်းကို ​ချောက်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဌာနခန်းမတွင် ယမန်​နေ့ ည​နေ ၄နာရီအချိန်က ပေးအပ်ခဲ့သည်။
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံ
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉  ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မိုးညိုမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။