နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

နောင်ချို ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲတို့၏ စီစဉ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀း၀၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ခွဲမှူး ဒေါ်ခင်ချိုအေးက ပေါက်ကွဲစေတက်သောပစ္စည်းများအကြောင်း ဘေးအန္တရာယ်ထိခိုက်မှုဆိုင်ရာ အသိပညာပေးများကို ပိုစတာ၊ ဗွီနိုင်းများဖြင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။ ၎င်းနောက်တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများ မေးမြန်းဖြေကြားစေခြင်း၊ အမှတ်တရလက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲသို့ အမှတ်()အခြေခံပညာအထက်​တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ(၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)