တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပြစ်ဒဏ်မှလွတ် မြောက်လာ သူ စုစုပေါင်း ( ၁၈၃) ဦးကို တာဝန်ရှိသူများလက်ခံ

တာချီလိတ် ဇွန် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှလွဲပြောင်းပေးလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပြစ်ဒဏ်မှလွတ်မြောက်လာသူ စုစုပေါင်း(၁၈၃)ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြသည်။

နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားအမျိုးသား( ၃၆ ) ဦး၊ အမျိုးသမီး( ၅၁)ဦး၊ စုစုပေါင်း( ၈၇ ) ဦးနှင့် ပြစ်ဒဏ်မှလွတ်မြောက်လာသူအမျိုးသား( ရ၆)ဦး၊ အမျိုးသမီး( ၂၀ )ဦး၊ စုစုပေါင်း ( ၉၆) ဦး တို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်လဝက ဦးစီးမှူး ဦးသန့်ဇင်၊မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိ သူများကလက်ခံခဲ့ကြသည်။ နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်းအိုမီခရွန်ရောဂါ ရှိ/မရှိ ဆေးစစ်မှုများပြုလုပ်ပြီး ဝမ်လုံး Quarantine Center ၌( ၅ )ရက် ထားရှိကာ ဆေးစစ်မှု တစ်ကြိမ်ထပ်မံပြုလုပ်ကာ ရောဂါပိုးကင်းရှင်းပါက မိမိနေရပ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယာဆေး ( ပြန်/ဆက်)