ကျောက်မဲခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက Mobile Library ကွင်းဆင်း‌ဆောင်ရွက်

 ကျောက်မဲ ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများ၊ ကျောင်းသားကျောင်သူများအား စာအုပ်စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများသည် သုတ၊ ရသ၊ မဂ္ဂဇင်း၊ ရုပ်ပြအစရှိသော စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် အောင်မြေသာယာ ဘုန်းတော်ကြီးသင်ပညာကျောငသို့ သွားရောက်ပြီး ကျောင်းရှိ ဆရာ/ဆရာမများအား စာအုပ်၊ စာစောင်များအား ငှားရမ်းပေးခဲ့သည်။

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုး‌ကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်သားကျောင်းသူများအတွက် ၂ ပါတ်တစ်ကြိမ်နှုန်းဖြင့်  Mobile Library  ကွင်းဆင်း‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)