ရွှေပြည်သာ ဇွန် ၂၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၉) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၉) ကျောင်း အခြေခံပညာ မူလတန်းကျောင်း (၃၉) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၄) ကျောင်း စုစုပေါင်း (၈၄)ကျောင်းမှ ကျောင်းသား/သူများကို ရွှေပြည်သာမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများကအဖွဲ့များ ခွဲကာ အလှည့်ကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူများ အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ နှင့်မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)