သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများမှ   ကျောင်းသားသူ(၂၉၄)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံ
Jul 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်းတို့တွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့‌နံနက်(၉)နာရီက အဆိုပါကျောင်းများ၌ ကွင်းဆင်းထိုးနှံပေးခဲ့ ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲ ကျင်းပ
Jul 01,2022
မန္တလေးတိုင်ဒေးသကြီး၊မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများကို ယ‌နေ့မွန်းလွဲ(၁) နာရီခွဲအချိန်က မန္တလေးတက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပ‌ခဲ့ကြောင်းသိရသည်။
မလှိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ တိုးချဲ့စိုက်ပျိုးခဲ့သော လယ်ယာမြေများသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ၇) များ တောင်သူများလက်ဝယ်သို့ ပေးအပ်
Jul 01,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရေငံကျေးရွာအုပ်စု၊ ရေငံကျေးရွာ၊ ရွာဦးရတနာဗိမ္မာန် ဘုန်းတော်ကြီးကျောင်းတိုက်၌ တောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် (ပုံစံ ၇) များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community  Centre၌ “မြန်မာအမျိုးသမီးများ​နေ့”အထိမ်းအမှတ် စာ​ပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ
Jul 01,2022
ဇူလိုင်လ ၃ ရက်​နေ့တွင် ကျ​ရောက်မည့် မြန်မာအမျိုးသမီးများ​​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာနCommunity Centre၌ယ​နေ့၊ နံနက် ၁၀ နာရီက စာ​ရေးဆရာမ​ပေါက်​ပေါက် ဦးဆောင်၍ စာ​ပေချစ်သူများနှင့် စာ​ရေးဆရာတင်နိုင်တိုး​ရေးသားသည့် ထင်​ပေါ်​​ကျော်ကြား မြန်မာအမျိုးသမီးများစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
လက်ရက်ကန်း(၆)လသင်တန်းဖွင့်ပွဲနှင့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ
Jul 01,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကရင်ပြည်နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (ဘားအံ)၌ ၂၀၂၂ ပညာသင်နှစ်၊ လက်ရက်ကန်း(၆)လသင်တန်း (ဒုတိယအကြိမ်)ဖွင့်ပွဲနှင့်အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်ကအဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မိုးစပါးစိုက်တောင်သူများနှင့် KNU/KNLA(PC) ငြိမ်းချမ်းရေးအဖွဲ့အား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာများ ထောက်ပံ့
Jul 01,2022
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးဧက ၄၃၀၁၇၆ (လေးသိန်းသုံးသောင်းကျော်) စိုက်ပျိုးရန်လျာထားပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် လျာထားမိုးစပါးဧက ပြည့်မီကျော်လွန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် မိုးစပါး စိုက်တောင်သူများနှင့် KNU/KNLA(PC) ငြိမ်းချမ်းရေးအဖွဲ့အား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝ မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် အသက်၁၀နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ် ပြုလုပ်ဆောင်ရွက်ပေး
Jul 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်နှင့် ဝန်ထမ်းများက
ကသာမြို့နယ် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောအဖွဲ့အား ဂုဏ်ပြု
Jul 01,2022
၂၀၂၂ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ u-25 အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ဆုဖလား ဆွတ်ခူးရရှိသော ကသာမြို့နယ် အမျိုးသား/ အမျိုးသမီး အဖွဲ့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယ‌နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။